ချောင်းမကျေးရွာကနေ စစ်ဦးလန်ပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင် ပကဖ က ကြားဖြတ်တိုက်ခိုက် ၊ စစ်သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်ဆီးရမိ

ယင်းမာပင်ခရိုင် ၊​ ကနီမြို့နယ် ချောင်းမကျေးရွာကနေ စစ်ဦးလန်ပြီး ဖရိုဖရဲထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ မနေ့ညက ထုတ်ပြန်ပါတယ်။

အဲဲဒီတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ် တစ်ဦး နဲ့ ပစ ၂ ဦးကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့သလို MA1 (2) လက် ၊ MA2 (1)လက် ၊ 5.56 ကျည် 200 နဲ့ ဖုန်း 4လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ချောင်းမကျေးရွာကနေ ထွက်ပြေးလာတဲ့ စစ်ကြောင်း ကို စက်တင်ဘာ ၁၂ ရက်က ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံး ပြီး MA1 နှစ်လက်၊ 5.56ကျည် 170 နဲ့ ကျည်ဘောက် 8 ဘောက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကနီမြို့နယ်၊ ချောင်းမရွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၆) မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲ မှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ (ပကဖ) နဲ့ မဟာမိတ်တပ်တွေက စက်တင်ဘာ ၁၁ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦး သေပြီးတော့ စစ်သုံ့ပန်း ၄ ဦး နဲ့ လက်နက် တွေ သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက်စစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားခဲ့တာလို့ သိရပါတယ်။