မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးနှင့် ယာယီနည်းဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သား ၁၇ ဦး AA ဖမ်မိထားကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်၊ နေ့လယ် ၁၂ နာရီ ၂၁ မိနစ်အချိန်တွင် ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အနီးမှာ စစ်ကောင်စီဘက် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA က ယနေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ဖေဖော်ဝါရီလ ၄ ရက်၊ ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များအားကို အာရက္ခတပ်တော် AA က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲမှ အသက် ၄၆ နှစ်အရွယ်ရှိ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နှင့် ယာယီနည်းဗျူဟာမှူး အပါအဝင် ၁၇ ဦးကို အာရက္ခတပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများကို အာရက္ခတပ်တော် AA က သိမ်းဆည်း ရရှိခဲ့ပြီး စကခ (၁၇) လက်အောက်ခံ တပ်များသည် တပ်လန့်ကာ ဆုတ်ခွာသွားကြောင်း သိရသည်။
