ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကနေ ဟရီဖီး ( Hriphi ) ကျေးရွာကို စစ်ဘေးရှောင်ကြတဲ့ အ မျိုးသမီးတစ်ဦး မနေ့ စက်တင်ဘာ ၄ ရက်မှာ သုံးမွှာပူး ကလေးမွေးရင်းကနေ ဆုံးပါးသွားတယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းအရင်း အမြစ်ထံကနေ သိရပါတယ်။

အသက် ၂၆ ဝန်းကျင် ဒေါ်မန်ကူး (Mang Ku) ဆိုသူဟာ ဟရီဖီးရွာဒေသခံ အမျိုးသားနဲ့ အိမ် ထောင်ကျပြီး ဟရီဖီး ကျေးရွာမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

ဒေါ်မန်ကူး ( Mang Ku )ဟာ မနေ့ စက်တင်ဘာ လ ၄ ရက် ညနေပိုင်းမှာ သုံးမွှာပူးကလေးကို မွေးခဲ့တာဖြစ်ပြီး ကလေး အားလုံးက ယော ကျာ်းလေးတွေဖြစ်ကြကာ နှစ်ဦးကတော့ မိခင်နဲ့အတူ ဆုံးသွားတယ်လို့ သိရပါတယ်။
