ဒေါက်တာစိုးသူရဇော်ကို PDF ဒုတိယစစ်ဦးစီးချုပ်အဖြစ် NUG က တာဝန်ပေးအပ်

NUG အစိုးရ ကာကွယ်‌ရေးဝန်ကြီးဌာန PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် အဖြစ် မန္တလေး PDFခေါင်းဆောင် ဒေါက်တာစိုးသူရဇော်အား ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါသတင်းကို ဒေါက်တာစိုးသူရဇော်က အတည်ပြုပေးခဲ့ပြီး “ ဒု စစ်ဦးစီးအရာရှိချုပ်ရဲ့ တာဝန်တွေကို အပြည့်အဝထမ်းဆောင်မယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) Mandalay People’s Defence Force ရဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်ဟာ မန္တလေးတိုင်း၊မိုးကုတ်မြို့ဇာတိဖြစ်ပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှာလဲ ဦးဆောင်ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ- ဒေါက်တာစိုးသူရဇော် ဖေ့စ်ဘုခ်