ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို အလုပ်သဘောခရီးသွားရောက်ခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ချန်ဒူးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ နေပြည်တော်တပ်မတော်လေဆိပ်ကို မြန်မာစံတော်ချိန် ညနေ၅နာရီ မိနစ်၂၀ ခန့်မှာ အထူးလေယာဉ်နဲ့ ပြန်လည်ရောက်ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တပ်မတော်အရာရှိကြီးတွေနဲ့ တာဝန်ရှိသူတွေက နေပြည်တော်တပ်မတော်လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူအများအပြားကလည်း လာရောက်ကြိုဆိုကြတာကို တွေ့ရပါတယ်။