မလေးရှားမှာ မြန်မာနိုင်ငံသားဖွင့်ထားတဲ့ KTV ဆိုင်စီးနင်းခံရပြီး ​အမျိုးသမီး ၂၁ ဦးဖမ်းခံရ

မလေးရှားနိုင်ငံ၊ နီဂရီဆီဘီလန်းပြည်နယ်၊ နီလိုင်းမြို့မှာ မြန်မာနိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ KTV ဆိုင်ကို အာဏာပိုင်တွေ ဝင်ရောက်စီး နင်းခဲ့တာကြောင့် မြန်မာအမျိုးသမီး ၂၁ ဦး ဖမ်း ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ နီလိုင်းမြို့ မြန်မာ KTV ဆိုင်ကို မနေ့ စက်တင် ဘာ ၆ ရက်နေ့ည ၁၂ နာရီဝန်းကျင်မှာ မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဆိုင်မှာအလုပ်လုပ်နေတဲ့ အထောက်အ ထားမဲ့ မြန်မာအမျိုးသမီးတွေ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“မနေ့က ညဘက် ဆိုင်ဖွင့်တဲ့အချိန်မှာ ရဲတွေ၊ လဝကတွေက ဝင်စီးတာပါ။ ဆိုင်က မြန်မာအ မျိုးသမီးတွေချည်းဆိုတော့ အမျိုးသမီးတွေပဲ ဖမ်းဆီးခံရတယ်။ ဆိုင်က ဖွင့်တာ မကြာသေးဘူး”လို့ နီးလိုင်းမြို့မှာနေထိုင်တဲ့ ချင်းအမျိုး သားက ပြောပါတယ်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၈ ဦးဟာ ပါမစ်ရက်လွန်နေထိုင်သူတွေဖြစ်ပြီး ကျန် ၁၃ ဦး ဟာ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ မရှိကြောင်း ဒီနေ့မနက် မလေးရှား လဝက မှ ထုတ်ပြန်ထားပါတယ်။
အဲဒီ KTV ဖျော်ဖြေရေးဆိုင်ကို ဝင်ရောင် ဖမ်း ဆီးဖို့ နှစ်ပတ်ကြာ စုံစမ်းထောက်လှမ်းခဲ့ရကြောင်း၊ ဖျော်ဖြေရေးစင်တာကို မြန်မာနိုင်ငံသားတွေက လွန်ခဲ့တဲ့ ၃ လခန့်က ဖွင့်လှစ်ထားတာကို စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြပါတယ်။
“ဖမ်းဆီးခံရတဲ့ မိန်းကလေးတွေအများစုက ၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ်တွေပါ။ ဆိုင်မှာ တာ ဝန်ယူထားတဲ့ အမျိုးသမီးလည်း အဖမ်းခံရတဲ့ထဲပါသွားတယ်”လို့ နီလိုင်းမြို့မှာ နေထိုင်တဲ့ ချင်းအမျိုးသားက ပြောပါတယ်။ အဲဒီ KTV ဖျော်ဖြေရေးစင်တာထဲကိုဝင်ဖို့ အ ရက်ယမကာတွေ မှာကြားရမှာဖြစ်သလို ဝင် ကြေးအဖြစ် လူတစ်ဦးကို ရင်းဂစ် ၁၅၀ မှ၂၀၀ ကြားပေးရတယ်လို့ သိရပါတယ်။