မီဇိုရမ်ပြည်နယ်၊ အိုင်းဇော်လ်၊ ဆီမွှီး(Sihmui)ရွာ တွင် ဘုရားကျောင်းတက်ပြီးပြန်လာတဲ့ ချင်းစစ်ရှောင်အမျိုးသမီးတစ်ဦးသည် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ဆိုင်ကယ်တိုက်ခံရလို့ ပွချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။

ယမန်နေ့ ည၉: ၃၀ အချိန်ခန့်မှာ ဘုရားကျောင်းဆင်းပြီး အိမ်ရှေ့တွင်ရပ်နေစဥ် မိဇိုရမ်ဒေသခံအမျိုးသမီး(၂)ဦးစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့အတိုက်ခံရတဲ့ဖြစ်ပြီး အတိုင်းခံရသူအမျိုးသမီးဟာ အနိုင်ခံရတဲ့နေရာမှာပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အတိုက်ခံရလို့ သေဆုံးသူဟာ ဒေါ် စန်အဲ (အသက် -၅၅ နှစ်) ချင်းပြည်နယ်၊ မတူပီမြို့နယ် တင်လောင်းရွာ ဇာတိဖြစ်ကြောင်းသိရပြီး ၂၀၂၁ ခုနှစ်ကတည်းက စစ်ရှောင်အဖြစ်လာရောက်နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။သား (၃) ယောက်နဲ့အတူ နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
