ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ဦးသေ၊ ၅ဦး ဒဏ်ရာရ
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။ စက်တင်ဘာ ၃ရက် မနက် ၉နာရီခွဲလောက်မှာ စစ်ကော်မရှင် တပ်သားအင်အား ၉၂ ယောက်ဟာ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နဲ့ ညောင်နီပင်ရွာကြား ရောက်လာချိန် အသင့်စောင့်နေတဲ့ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ(၁) က ပဒေသာမိုင်း ၄လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မနက် ၁၀ နာရီလောက်မှာလည်း ၃၆၀၁ တပ်ရင်း တပ်ခွဲ (၂) က ပဒေသာမိုင်း ၄လုံးနဲ့ ၂ကြိမ်တိုင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သလို စနိုက်ပါအဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။…
