ရေးမြို့နယ် ရွာကလေးနှင့် ဝါရဟိုင်းရွာအကြား စစ်တပ်နှင့် ရေးဘီလူးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပြီး စစ်သား ၇ဦး သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ် ရွာကလေးနှင့် ဝါရဟိုင်းရွာကြားတွင် အကြမ်းဖက်စစ်တပ်နှင့် ရေးဘီလူးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၇ဦး သေကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ ခေါင်းဆောင် တပ်ရင်းမှူး ရေးဘီလူးက ပြောဆိုသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ရေးဘီလူးအဖွဲ့က အသာစီးရယူ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ “တိုက်ပွဲဖြစ်တဲ့နေရာက ရွာကလေးနဲ့ ဝါရဟိုင်းကြားထဲမှာ။ ရန်သူ့ဘက်က သေဆုံးမှု ၇ ဦး ရှိတယ်။ ဒဏ်ရာရတာလည်း ရှိတယ်။ ဒဏ်ရာရတာကျတော့ အာယုတောင်ကို ပြန်ပို့ချသွားတယ်။ ကျွန်တော်တို့နဲ့ သူတို့နဲ့က ရွာကလေးရွာ သူတို့ ကျော်လာခဲ့တယ်။ ဝါရဟိုင်းကြားလို့ ပြောလို့ ရတယ်။ အဲဒီမှာ…

Read More