ဒီးမော့ဆိုတိုက်ပွဲအတွင်း KNDF တပ်ရင်း (၄) ရဲဘော်‌ ဒေါရို(ခ) ရဲမင်းထွေး ကျဆုံး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ပတိုငံတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၄) ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း တပ်ရင်းတာဝန်ရှိသူ ပြောကြားသည်။ KNDF တပ်ရင်း (၄)တွင် တာဝန်ထမ်း​​​ဆောင်နေသည့် အသက် (၂၅)နှစ်အရွယ် ရဲဘော် ဒေါရို(ခ) ရဲမင်းထွေးသည် စစ်ကော်မရှင်တပ်ကို ခုခံတိုက်ခိုက်ရင်း လက်နက်ငယ်ထိမှန်မှုကြောင့် စက်တင်ဘာလ (၂)ရက်နေ့တွင် ကျဆုံးခဲ့ရကြောင်း KNDF တပ်ရင်း (၄)တပ်ရင်းမှူး က ပြောကြားသည်။ အဆိုပါ ကျဆုံးရဲဘော် ဒေါရို (ခ) ရဲမင်းထွေး၏ စျာပနအခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ (၄)ရက်နေ့တွင် ကရင်နီပြည် တစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ဦးသေ၊ ၅ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။ စက်တင်ဘာ ၃ရက် မနက် ၉နာရီခွဲလောက်မှာ စစ်ကော်မရှင် တပ်သားအင်အား ၉၂ ယောက်ဟာ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နဲ့ ညောင်နီပင်ရွာကြား ရောက်လာချိန် အသင့်စောင့်နေတဲ့ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ(၁) က ပဒေသာမိုင်း ၄လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မနက် ၁၀ နာရီလောက်မှာလည်း ၃၆၀၁ တပ်ရင်း တပ်ခွဲ (၂) က ပဒေသာမိုင်း ၄လုံးနဲ့ ၂ကြိမ်တိုင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သလို စနိုက်ပါအဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။…

Read More

ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်း ဆိုသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း ဗြိတိန်အခြေ စိုက် The Independent သတင်းဌာနက သတင်းဖော်ပြသည်။ အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာ ခံစားနေရကြောင်း၊ နှလုံးရောဂါအထူးကုဆရာဝန်နှင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းပယ်ထားကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နိုင်ငံရေး အခန်းကဏ္ဍ ရည်ရွယ်ချက်ရှိရှိ အဆုံးသတ်စေရန် လုပ်ဆောင်ထားပြီး နေပြည် တော်ရှိ တောတွင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု The Independent က ဆိုသည်။

Read More