မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေးတွင် အာရက္ခတပ်တော်နှင့် ဒုဗမက ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းနှင့်အဖွဲ့ (၈) နာရီကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ အလောင်း (၆၀) နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

စက်တင်ဘာ (၇) ရက်နေ့ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ စစ်ကြောင်းထပ်မံထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားကာ စစ်ကော်မရှင်လက်အောက်ခံ မျက်မြင် (၁၀) ခန့် ထပ်မံသေဆုံးကာ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။


ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများနှင့် ရိုးတောင်အစပ် နေရာများတွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိိိိိိိိကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
