ကျောက်တော် ပညာပျိုပန်းခင်း အထက်တန်းကျောင်း စစ်ကောင်စီ ဗုံးကြဲမှု ကျောင်းသူ/ သား ၁၈ ဦးသေဆုံး

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာရှိ ပညာပျိုပန်းခင်းကိုယ်ပိုင်ကျောင်း အထက်တန်းကို စစ်ကောင်စီက လေကြောင်းက နေပစ်ခတ်မှုကြောင့် ကျောင်းသူ/ ကျောင်းသာ ၁၈ ဦး သေဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာ ၁၂ ရက်နေ့ ညဉ့် ၁ နာရီ ဝန်းကျင်လောက် စစ်ကောင်စီကနေ လေကြောင်းကနေတဆင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင် က ပြောသည်။
“၁၈ ယောက် သေဆုံးပါတယ်။ ၂၀ ဦး ထိခိုက် ဒဏ်ရာ ရပါတယ်။ Grade ၁၁တန်း၊ ၁၂တန်း ကျောင်းသားတွေပါ။ ၂၀ကျော်မှာ စိုးရိမ်ရတဲ့ သူတွေပါသေးတယ်။ အဲ့လောက် သိပါသေးတယ်” ဟုပြောသည်။
ပညာပျိုပန်းခင်းသည် ကိုယ်ပိုင် အထက်တန်း စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသူ ဦးရေ ယခုထက်တိုင်များနိုင်ကြောင်း ထိခိုက်ဒဏ်ရာသူများမှာလည်း စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။ သရက်တစ်ပင်ကျေးရွာရှိ ပညာပျိုပန်းခင်းသည် ကိုယ်ပိုင် အထက်တန်း ကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရသည်။