ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ပတိုငံတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၄) ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း တပ်ရင်းတာဝန်ရှိသူ ပြောကြားသည်။

KNDF တပ်ရင်း (၄)တွင် တာဝန်ထမ်းဆောင်နေသည့် အသက် (၂၅)နှစ်အရွယ် ရဲဘော် ဒေါရို(ခ) ရဲမင်းထွေးသည် စစ်ကော်မရှင်တပ်ကို ခုခံတိုက်ခိုက်ရင်း လက်နက်ငယ်ထိမှန်မှုကြောင့် စက်တင်ဘာလ (၂)ရက်နေ့တွင် ကျဆုံးခဲ့ရကြောင်း KNDF တပ်ရင်း (၄)တပ်ရင်းမှူး က ပြောကြားသည်။


အဆိုပါ ကျဆုံးရဲဘော် ဒေါရို (ခ) ရဲမင်းထွေး၏ စျာပနအခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ (၄)ရက်နေ့တွင် ကရင်နီပြည် တစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။
