နန်းစောင်းပုရွာသစ်မှ စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ (၇) ဦး ဖမ်းဆီးရ
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်စင်လာသော စစ်ကော်မရှင်အဖွဲ့အား မိမိတို့ဘက်မှ စက်တင်ဘာလ (၂) ရက်တွင် တိုက်ခိုက်ခဲ့ရာ သုံ့ပန်း (၇) ဦး ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနှင့် လက်နက် (၅) လက် သိမ်းဆည်းရမိသည်။ စစ်ကော်မရှင်ဘက်မှ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။…
