ချောင်းမကျေးရွာကနေ စစ်ဦးလန်ပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင် ပကဖ က ကြားဖြတ်တိုက်ခိုက် ၊ စစ်သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်ဆီးရမိ

ယင်းမာပင်ခရိုင် ၊​ ကနီမြို့နယ် ချောင်းမကျေးရွာကနေ စစ်ဦးလန်ပြီး ဖရိုဖရဲထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ မနေ့ညက ထုတ်ပြန်ပါတယ်။ အဲဲဒီတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ် တစ်ဦး နဲ့ ပစ ၂ ဦးကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့သလို MA1 (2) လက် ၊ MA2 (1)လက် ၊ 5.56 ကျည် 200 နဲ့ ဖုန်း 4လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ချောင်းမကျေးရွာကနေ ထွက်ပြေးလာတဲ့ စစ်ကြောင်း ကို စက်တင်ဘာ ၁၂ ရက်က ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂…

Read More

အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး တို့ ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး လွှတ်တော် ၃ ခုလုံးတွင် ဖြန့်ကျက်ပါဝင်ယှဉ်ပြိုင်မည်ဟုဆို

စစ်တပ်မှ လက်ရှိ တာဝန်ထမ်းဆောင်နေသော အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး တို့သည် ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး လွှတ်တော် ၃ ခုလုံးတွင် ဖြန့်ကျက်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ စစ်တပ်ကော်မရှင်နှင့်ကာ/လုံတွင် ထိပ်တန်းရာထူးရယူထားသော အောင်လင်းဒွေး၊ ဝန်ကြီး မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်းတို့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးဖြစ်ကြသည့် စစ်တပ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း (OTS-66) ၊ အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး တေဇကျော် (DSA – 28)၊ အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး သက်ပုံ…

Read More

နီပေါနိုင်ငံမှ ဆန္ဒပြမှုများကို လေ့လာ​ သင်ခန်းစာ ဖော်ထုတ်ရန် မင်းအောင်လှိုင်ပြော

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နီပေါနိုင်ငံမှ ဆန္ဒပြမှုများကို လေ့လာ​ပြီး သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင် အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။ နီပေါနိုင်ငံတွင် စက်တင်ဘာလ ၈ ရက်နေ့ အစိုးရက လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်မှုအပေါ် Gen Zလူငယ်မျိုးဆက်များက စတင်ဆန္ဒပြခဲ့ရာမှ အစိုးရ၏ အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ယင်းနောက် နီပေါဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli ဦးဆောင်သော အစိုးရ အဖွဲ့ ပြုတ်ကျသွားခဲ့သည်။ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် နီပေါသမ္မတက တရားသူကြီးချုပ်ဟောင်း Sushila Karkiကို အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ နီပေါ ဆန္ဒပြမှုများတွင် Gen…

Read More

ထိုင်းနိုင်ငံသို့ ရေလမ်းဖြင့် တရားမဝင် ဝင်ရောက်ရင်း ရေနစ်သေဆုံးသည့် မြန်မာနိုင်ငံသား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် ထိုင်းနိုင်ငံအတွင်းသို့ ရေလမ်းဖြင့် တရားမဝင် ဝင်ရောက်ရင်း ရေနစ်သေဆုံးသည့် မြန်မာ နိုင်ငံသား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဗာဂျီရာလောင်ကွန်း ရေလှောင်ကန်တွင် တရားမဝင် ရွှေ့ပြောင်း မြန်မာနိုင်ငံသား ၃ ဦး၏ ပုတ်ပွနေသော ရုပ်အလောင်းများကို တွေ့ရှိရကြောင်း၊ အဆိုပါ ရုပ်အလောင်းများမှာ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လှေဖြင့် ဝင်ရောက်လာသော ရွှေ့ပြောင်း မြန်မာနိုင်ငံသား ၂၂ ဦးပါ လှေမှာ သစ်ငုတ်ဖြင့် တိုက်မိရာမှ မြန်မာနိုင်ငံသား ၃…

Read More

ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၇ လက် သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်တပ်များက…

Read More

စကခ(၂၁)အနီး တပ်ရင်းအချို့ စစ်တပ်ပြန်ရသော်လည်း ဗန်းမော်မြို့နေရာအများအပြားထိန်းချုပ်ထားဟု KIA ပြော

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီး စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၂ခုကို စက်တင်ဘာ ၁၁ညနေပိုင်းတွင် လက်လွှတ်ခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ စစ်ကောင်စီတပ်က ဗန်းမော်မြို့အနီး တပ်ဌာနချုပ်များ၊ တပ်စခန်းများနှင့် ရပ်ကွက်ကျေးရွာအချို့အား ပြန်လည်ထိန်းချုပ်နိုင်ကြောင်းသတင်းထုတ်ပြန်ခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ပြောကြားသည်။ “မနေ့က စက်တင်ဘာ ၁၁ရက်နေ့ ညနေပိုင်းလောက်မှာ စကခ(၂၁) ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတို့ရဲ့ သံချပ်ကာတပ်တို့ နောက် ခလရ(၂၃၆)တို့ သူတို့ ပြန်ရသွားတဲ့ အနေအထားရှိပါတယ်။ အခြား မြို့တွင်းမှာကတော့ ကျနော်တို့လည်း နဂိုရ်အတိုင်းပဲ အားလုံးတော်တော်များများနေရာမှာ ကျနော်တို့ ပြန်ထိန်းချုပ်ထားတဲ့ အနေအထားတော့ရှိပါတယ်။ တမြို့လုံးကို သူတို့ ထိန်းချုပ်တာတော့ မဟုတ်ပါဘူး။ကျနော်တို့လည်း အများကြီးရှိပါသေးတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ဗန်းမော်မြို့တွင် တိုက်ပွဲဆက်ရှိနေကြောင်း၊…

Read More

ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်ဗုံးကြဲ၊ ဗိုလ်အပါ ၅ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဗိုလ်အပါအဝင် ၅ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း (ရေဦး PDF) က မနေ့က ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ ရေဦးမြို့ပေါ်ကနေ မြို့အနောက်ဘက်ခြမ်း သံသည်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ ခန့်မှန်းအင်အား ၄၀ ရှိ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ဗိုလ်အဆင့်အပါအဝင် ၅ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေဦး PDF က ဆိုပါတယ်။ ဒဏ်ရာရသွားတဲ့ ဗိုလ်အဆင့် အရာရှိဟာ စက်တင်ဘာ ၁၀ ရက်မှာ အကြမ်းဖက်စစ်အုပ်စုကနေ Mi17 ရဟတ်ယာဥ်နဲ့ စစ်ကူ ပို့လာခဲ့သူဖြစ်တယ်လို့လည်း ရေဦး…

Read More

ထမင်းမစားရွာစခန်းပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုက ၁၅ ဦးထက်မနည်းသေဆုံး

ကရင်အမျိုးသားအစည်းအရုံး‎(KNU) ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ထမင်းမစားရွာစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုက ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်က ထမင်းမစားရွာ စခန်းးကို ပြန်ရရှိဖို့အတွက် စက်တင်ဘာ ၉ ရက်မှာ စစ်ကြောင်းထိုးလာတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်တွေ အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးပြီး စက်တင်ဘာ ၁၀ ရက်မှာ နောက်ပြန်ဆုတ်သွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်အသိပေးထားပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ၊ တပ်မဟာ(၄) လက်အောက်ခံ KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၈ ရက်…

Read More

ကျောက်တော် ပညာပျိုပန်းခင်း အထက်တန်းကျောင်း စစ်ကောင်စီ ဗုံးကြဲမှု ကျောင်းသူ/ သား ၁၈ ဦးသေဆုံး

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာရှိ ပညာပျိုပန်းခင်းကိုယ်ပိုင်ကျောင်း အထက်တန်းကို စစ်ကောင်စီက လေကြောင်းက နေပစ်ခတ်မှုကြောင့် ကျောင်းသူ/ ကျောင်းသာ ၁၈ ဦး သေဆုံးသွားကြောင်း သိရသည်။ စက်တင်ဘာ ၁၂ ရက်နေ့ ညဉ့် ၁ နာရီ ဝန်းကျင်လောက် စစ်ကောင်စီကနေ လေကြောင်းကနေတဆင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင် က ပြောသည်။ “၁၈ ယောက် သေဆုံးပါတယ်။ ၂၀ ဦး ထိခိုက် ဒဏ်ရာ ရပါတယ်။ Grade ၁၁တန်း၊ ၁၂တန်း ကျောင်းသားတွေပါ။ ၂၀ကျော်မှာ စိုးရိမ်ရတဲ့ သူတွေပါသေးတယ်။ အဲ့လောက် သိပါသေးတယ်” ဟုပြောသည်။ ပညာပျိုပန်းခင်းသည် ကိုယ်ပိုင် အထက်တန်း စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသူ ဦးရေ ယခုထက်တိုင်များနိုင်ကြောင်း…

Read More

ပွဲစားလှည့်စားပြီး ပစ်ထားခဲ့သော မြန်မာကလေးငယ်များအပါအဝင် မြန်မာ ၅၆ ဦး ဖမ်းဆီးခံလိုက်ရပြန်

ဘန်ကောက်နှင့် ချွန်ဘူရီတို့တွင် အလုပ်သွားလုပ်ရန် တရားမဝင်လမ်းမှ ဝင်ရောက်လာပြီး ကားလာမကြိုသေးသဖြင့် လောင်ခွမ်းခရိုင်ရှိ ကြံခင်းထဲပုန်းအောင်းနေခဲ့သော အမျိုးသား၊ အမျိုးသမီး နှင့် ကလေးငယ်များ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့သည် မြန်မာပြည် ရန်ကုန်ဘက်မှဖြစ်ပြီး ကယ်ရီခ တစ်ဦးလျှင် ၁၀၀၀၀ မှ ၃၀၀၀၀ ကြား ပေးခဲ့ရပြီး နယ်စပ်တစ်လျှောက်ဖြတ်ကျော် ဝင်ရောက်ရာ ယခုဖမ်းမိသော နေရာ ကြံခင်းတွင် လာကြိုမည့် ကားသမားကို မနက် ၄ နာရီထဲက စောင့်စားနေပြီး မနက်ပိုင်း ၁၀ နာရီအထိ့ မည်သူမှလာမခေါ်ဘဲ အာဏာပိုင်များ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အချို့သော အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူး သောကြောင့် ထိုင်းဘာသာဖြင့် ဆက်သွယ်ပြောဆိုနိုင်ပြီး…

Read More