ယင်းမာပင်မြို့နယ်၊ နဘူးတောရွာရှိ စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာရှိ စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဘွန့်ဘွေး ပျူစောထီးရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ် နဘူးတောရွာမှ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောစပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း သိရှိရသည်။ ထို့ပြင်…
