မင်းအောင်လှိုင်တယောက် တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစားလိုက်ပြီလား

အနောက်တိုင်းရင်းနှီးမြှုပ်နှံသူတွေ စွန့်ခွာသွားတဲ့ မြန်မာနိုင်ငံဟာ တရုတ်အပေါ်မှာ အန္တရာယ်ကြီးလောက်အောင် မှီခိုနေရပါပြီ။ သုံးသပ်သူတွေက မြန်မာနိုင်ငံဟာ “တရုတ်တပိုင်းနိုင်ငံ၊ တရုတ်ရုပ်သေးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးခလုတ်တွေကို ပြည်မကြီးကနေ လှမ်းထိန်းချုပ်တာခံရတဲ့နိုင်ငံလို့ အမည်ခံရုံ လက်အောက်ခံ ပဏ္ဍာဆက်နယ်ပယ်တခု ဘဝ ရောက်သွားနိုင်ပါတယ်။ မင်းအောင်လှိုင်တယောက် သူ့အာဏာတည်မြဲရေးအတွက် တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစားခဲ့ပြီလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ သက်သေအထောက်အထားအားလုံးကို ကြည့်ရင်တော့ အဖြေက ရှုပ်သလိုလိုနဲ့ ရှင်းပါတယ်။ ဟုတ်ပါတယ်ရောင်းစားလိုက်ပါပြီ။ စစ်ခေါင်းဆောင်ဟာ လုံခြုံရေးအတွက် အချုပ်အခြာအာဏာကို လဲလှယ်ခဲ့ပါတယ်၊ အသိအမှတ်ပြုမှုအတွက် သယံဇာတတွေကို လဲလှယ်ခဲ့တယ်၊ ပြီးတော့ သူ့ ရေတိုရှင်သန်မှုအတွက် နိုင်ငံရဲ့ ရေရှည်လွတ်လပ်မှုကို လဲလှယ်ခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ လက်နက်၊ ငွေသားနဲ့ ထိုင်ခုံတနေရာစာအတွက် တရုတ်လက်ထဲကို မြန်မာ့စီးပွားရေး၊ နယ်စပ်ပဋိပက္ခတွေနဲ့ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို…

Read More

ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ကိုရီးယားဘာသာစကားသင်တန်းတက်ရောက်နေတဲ့ လူငယ် ၁၃ ယောက်ကို ပခုက္ကူတပ်မ ၁၀၁ က ဗိုလ်မှူး ၁ ယောက်ရဲ့ အမိန့်နဲ့ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး တစ်ယောက်ချင်းစီအတွက် ငွေကျပ် သိန်း ၇၀ အထိ တောင်းခံခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက် မနက်ပိုင်းက ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာစကား သင်တန်းကျောင်းတစ်ခုကို စစ်အုပ်စုအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး သင်တန်းတက်ရောက်နေတဲ့ ကျောင်းသား ၁၃ ယောက်ကို ပေါ်တာတွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။   အဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေကို ချောက်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ခံဝန်အပါ ငွေကျပ်သိန်း ၇၀ အထိ တောင်းယူပြီး မိဘတွေကို ရွေးယူခိုင်းခဲ့တယ်လို့ သိရပါတယ် အဆိုပါလူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁…

Read More

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အတွက် စိုးရိမ်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးမှု ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris နှင့် အွန်လိုင်းမှ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသည်။ Kim Aris က ယနေ့တွင် ဖက်ဒရယ်မြန်မာပြည်အတွက် ညီညွတ်ခိုင်မာသော အင် အား ဟု အမည်တပ်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်တွေ့ဆုံခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ပြီး ယင်းသတင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုလည်း စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုကြောင်း သတင်းထုတ်ပြန်ထားသည်။ “မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့နိုင်ငံရေး…

Read More

နန်မွန်းတားရွာတိုက်ပွဲ စစ်တပ်စစ်ကြောင်းမှူးနှင့် ကသည်းတပ်အရာရှိအပါအဝင် ၉ဦးသေဆုံး

တမူးမြို့နယ်၊ နန်မွန်းတားရွာအနီးတိုက်ပွဲ၌စစ်ကောင်စီစစ်ကြောင်းမှူးဗိုလ်ကြီး နှင့်ကသည်းတပ်မှ အရာရှိတစ်ဦးအပါအဝင် ၉ ဦး​သေဆုံးပြီး ဒဏ်ရာရသူများကြောင်း သတင်းရရှိသည်။ လေကြောင်းပစ်ကူဖြင့် ပြန်ဆုတ်ခွာသွားရသည်အထိ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားသည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။ “နန်မွန်းတားကို ပြန်သိမ်းမယ်ဆိုပြီး ကြွေးကြော်လာတဲ့စစ်ကြောင်းမှူး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမှာ သေတာ။ကသည်းတပ်ကအရာရှိလည်းသေတယ်။ ဒဏ်ရာရတွေကိုပါ လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်သွားတာ” ဟု ၎င်းကပြောသည်။

Read More

စစ်ကောင်စီတပ်သား ဒုတိယဗိုလ်မှူးကြီးနှင့် ယာယီနည်းဗျူဟာမှူး အပါအဝင် ၁၇ ဦး AA ဖမ်းမိထား

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးနှင့် ယာယီနည်းဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သား ၁၇ ဦး AA ဖမ်မိထားကြောင်း သိရသည်။ စက်တင်ဘာလ ၄ ရက်၊ နေ့လယ် ၁၂ နာရီ ၂၁ မိနစ်အချိန်တွင် ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အနီးမှာ စစ်ကောင်စီဘက် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA က ယနေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ဖေဖော်ဝါရီလ ၄ ရက်၊ ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များအားကို အာရက္ခတပ်တော် AA က ဖမ်းဆီး ရရှိခဲ့ခြင်း…

Read More

ထန်တလန်မှာ စစ်ရှောင်အမျိုးသမီးတစ်ဦး သုံးမွှာပူး ကလေးမွေးရာကနေ ဆုံးပါးသွားကြောင်းသိရ

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကနေ ဟရီဖီး ( Hriphi ) ကျေးရွာကို စစ်ဘေးရှောင်ကြတဲ့ အ မျိုးသမီးတစ်ဦး မနေ့ စက်တင်ဘာ ၄ ရက်မှာ သုံးမွှာပူး ကလေးမွေးရင်းကနေ ဆုံးပါးသွားတယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းအရင်း အမြစ်ထံကနေ သိရပါတယ်။   အသက် ၂၆ ဝန်းကျင် ဒေါ်မန်ကူး (Mang Ku) ဆိုသူဟာ ဟရီဖီးရွာဒေသခံ အမျိုးသားနဲ့ အိမ် ထောင်ကျပြီး ဟရီဖီး ကျေးရွာမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။   ဒေါ်မန်ကူး ( Mang Ku )ဟာ မနေ့ စက်တင်ဘာ လ ၄ ရက် ညနေပိုင်းမှာ သုံးမွှာပူးကလေးကို မွေးခဲ့တာဖြစ်ပြီး ကလေး အားလုံးက ယော ကျာ်းလေးတွေဖြစ်ကြကာ နှစ်ဦးကတော့ မိခင်နဲ့အတူ…

Read More

အောင်ဇေယျ စစ်ကြောင်းက အင်အားဖြည့်ပြီး ထိုးစစ်ပြုလုပ်လာခြင်းကြောင့် ၃၂ ဗျူဟာက စခန်းအချို့ နောက်ဆုတ်ပေးခဲ့ရ

စစ်ကော်မရှင်လက်အောက်ခံ အောင်ဇေယျစစ်ကြောင်းက အင်အားဖြည့်ပြီး အာရှလမ်းမကြီးကို ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်လာခြင်းကြောင့် ဗိုလ်တာဘောဦးဆောင်သည့် ၃၂ဗျူဟာက စခန်းအချို့နောက်ဆုတ်ပေးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( စက်တင်ဘာ ၄ရက်)၊ ညနက်ပိုင်း(စက်တင်ဘာ ၅ရက် နံနက်အစောပိုင်း)တွင် အောင်ဇေယျစစ်ကြောင်းက လက်နက်ကြီးများစွာ ပစ်ခတ်ပြီးနောက် အာရှလမ်းမကြီးရှိ တောနော်ရေတံခွန်ဘက်မှ အတွင်းကွင်းကလေးကျေးရွာသို့ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “ကွင်းလေးဘက်ကို ဖောက်ဝင်လာတာကတော့ အင်အား လေးငါးရာလောက်ရှိတယ်။ ကျတော်တို့ ၃၂ ဗျူဟာက အကုန်နောက်ဆုတ်ပေးလိုက်ရတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။ ၃၂ ဗျူဟာသည် ကော်ဘရာစစ်ကြောင်းနှင့် ဗီနွန်စစ်ကြောင်းတို့ ပူးပေါင်းထားသည့် ဗျူဟာဖြစ်ပြီး KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကော်မရှင်တပ်များကို ပြောင်မြောက်စွာ ခုခံတွန်းလှန်နေသည့် ဗိုလ်တာဘောဦးဆောင်သည့် ဗျူဟာတစ်ခုလည်းဖြစ်သည်။

Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ဦးသေ၊ ၅ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။ စက်တင်ဘာ ၃ရက် မနက် ၉နာရီခွဲလောက်မှာ စစ်ကော်မရှင် တပ်သားအင်အား ၉၂ ယောက်ဟာ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နဲ့ ညောင်နီပင်ရွာကြား ရောက်လာချိန် အသင့်စောင့်နေတဲ့ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ(၁) က ပဒေသာမိုင်း ၄လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မနက် ၁၀ နာရီလောက်မှာလည်း ၃၆၀၁ တပ်ရင်း တပ်ခွဲ (၂) က ပဒေသာမိုင်း ၄လုံးနဲ့ ၂ကြိမ်တိုင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သလို စနိုက်ပါအဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။…

Read More

ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်း ဆိုသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း ဗြိတိန်အခြေ စိုက် The Independent သတင်းဌာနက သတင်းဖော်ပြသည်။ အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာ ခံစားနေရကြောင်း၊ နှလုံးရောဂါအထူးကုဆရာဝန်နှင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းပယ်ထားကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နိုင်ငံရေး အခန်းကဏ္ဍ ရည်ရွယ်ချက်ရှိရှိ အဆုံးသတ်စေရန် လုပ်ဆောင်ထားပြီး နေပြည် တော်ရှိ တောတွင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု The Independent က ဆိုသည်။

Read More