Headlines

နန်းစောင်းပုရွာသစ်မှ စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ (၇) ဦး ဖမ်းဆီးရ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်စင်လာသော စစ်ကော်မရှင်အဖွဲ့အား မိမိတို့ဘက်မှ စက်တင်ဘာလ (၂) ရက်တွင် တိုက်ခိုက်ခဲ့ရာ သုံ့ပန်း (၇) ဦး ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနှင့် လက်နက် (၅) လက် သိမ်းဆည်းရမိသည်။ စစ်ကော်မရှင်ဘက်မှ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။…

Read More

ယင်းမာပင်မြို့နယ်၊ နဘူးတောရွာရှိ စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာရှိ စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဘွန့်ဘွေး ပျူစောထီးရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ် နဘူးတောရွာမှ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောစပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း သိရှိရသည်။ ထို့ပြင်…

Read More

မြဝတီမြို့ တံတားအောက်ခြေမှာတပ်စွဲထားတဲ့ BGF ကိုစစ်ကောင်စီတပ်ဖယ်ရှား

ထိုင်း – မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်နေရာယူလိုက်ပြီးနောက် BGF တပ်ဖွဲ့ဝင်တွေကို မြဝတီမြို့ တံတားအောက်ကနေ ဖယ်ရှားလိုက်တယ်လို့ ကရင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၆ ရက်ကစပြီး မြဝတီမြို့ဝင်ပေါက်ဖြစ်တဲ့ သင်္ဃန်းညီနောင်တပ်နယ် ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်ပြီးတဲ့နောက် မြဝတီမြို့ထဲမှာလည်းစစ်ကောင်စီတပ်က အင်အားဖြန့်ကျက်ပြီးတပ်စွဲနေရာယူတာတွေရှိလာတာပါ။ မြ၀တီမြို့ပေါ်မှာ မြို့လုံခြုံရေးကို အဓိကယူထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေ ရှိသလို အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ အပစ်ရပ်အဖွဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)အဖွဲ့တို့လည်း ရှိကြပြီး သွားလာလှုပ်ရှားလျက်ရှိကြပါတယ်။ ဒီရက်ပိုင်းအတွင်း ကရင်နယ်ခြားစောင့်တပ်(BGF) လုံခြုံရေးယူထားတဲ့ ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားအောက် ကို စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလိုက်ပြီးတဲ့နောက် BGF တပ်ဖွဲ့ဝင်တွေကို ဖယ်ရှားခိုင်းလိုက်တာ လို့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Read More

ငွေတောင်ရွာသစ်တိုက်ပွဲမှာ ရှမ်းတောင် (ကယား) ကရင်နီတိုင်းစစ်ဌာန ရဲဘော် ၂ ဦး ကျဆုံး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇) တပ်ရင်းက ရဲဘော်သက်အောင် (ခ) အောင်ပုနဲ့ ရဲဘော်ဒိုးအီ ကျဆုံးခဲ့တယ်လို့ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း ရဲဘော်သက်အောင် (ခ) အောင်ပုက ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျဆုံးခဲ့ရတာဖြစ်ပြီး ရဲဘော်ဒိုးအီကတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကျဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ “ငွေတောင်ရွာသစ်ဘက် ရှေ့တန်းမှာ ကျဆုံးသွားခဲ့တာပါ။ စစ်တပ်ရဲ့အင်အားက ငွေတောင်ရွာသစ် တောင်ကြောနှင့် မြေပြန့်ငွေတောင်ရွာသစ်မှာ ဖြန့်ထားတယ်။ ငွေတောင်ရွာသစ်မှာ နှစ်ခေါက် ထိတွေ့မှုဖြစ်ခဲ့တာရှိတယ်။ နောက်ပိုင်း သူတို့အင်အား ပတိုငံရွာအထိ…

Read More

အာရက္ခတပ်တော်၏ (၈) နာရီကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က အလောင်း (၆၀) ခန့်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေးတွင် အာရက္ခတပ်တော်နှင့် ဒုဗမက ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းနှင့်အဖွဲ့ (၈) နာရီကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ အလောင်း (၆၀) နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၇) ရက်နေ့ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ စစ်ကြောင်းထပ်မံထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားကာ စစ်ကော်မရှင်လက်အောက်ခံ မျက်မြင် (၁၀) ခန့် ထပ်မံသေဆုံးကာ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ၊…

Read More

ဒေါက်တာစိုးသူရဇော်ကို PDF ဒုတိယစစ်ဦးစီးချုပ်အဖြစ် NUG က တာဝန်ပေးအပ်

NUG အစိုးရ ကာကွယ်‌ရေးဝန်ကြီးဌာန PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် အဖြစ် မန္တလေး PDFခေါင်းဆောင် ဒေါက်တာစိုးသူရဇော်အား ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိပါတယ်။ အဆိုပါသတင်းကို ဒေါက်တာစိုးသူရဇော်က အတည်ပြုပေးခဲ့ပြီး “ ဒု စစ်ဦးစီးအရာရှိချုပ်ရဲ့ တာဝန်တွေကို အပြည့်အဝထမ်းဆောင်မယ်” လို့ ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) Mandalay People’s Defence Force ရဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်ဟာ မန္တလေးတိုင်း၊မိုးကုတ်မြို့ဇာတိဖြစ်ပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှာလဲ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ဓာတ်ပုံ- ဒေါက်တာစိုးသူရဇော် ဖေ့စ်ဘုခ်

Read More

ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တန်ပြန်တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး၊ ဝိုင်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် သံချပ်ကား ၁ စီးကို KIA က ဖျက်ဆီးနိုင်ခဲ့

ကချင်းပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသော ဖားကန့်မြို့နယ်၊ ရှရော်ခရွာရှိ ညောင်ပင်ကုန်းစခန်းကို လာရောက် တိုက်ခိုက်ခဲ့သော စစ်ကြောင်းကို KIA တပ်ဖွဲ့က မျှားခေါ်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖားကန့်တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ် ဘက်မှ ၂၀ ဦး သေဆုံးကာ ကျန်ရှိနေသော စစ်သား ၁၀ ဦးခန့်သည် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ သေဆုံးသွားသော စစ်သားအလောင်းများကို လက်ရှိအချိန်အထိ လာရောက် ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် ရှရော်ခရွာအနီးရှိ ညောင်ပင်ကုန်းစခန်းအနီးတွင် တစ်နေကုန်…

Read More

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို သိရှိရဖို့အတွက် တိုက်ရိုက် ဆက်သွယ်ခွင့်တောင်းဆိုလိုက်တဲ့ ကိုထိန်လင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို သိရှိရဖို့အတွက် တိုက်ရိုက်ဆက် သွယ်ခွင့်ပေးဖို့ အကြမ်းဖက်စစ်အုပ်စုကို ကင်အဲရစ် (ခေါ်) ကိုထိန်လင်း က ဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။ “စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မေမေ နေမကောင်းဘူး”ဆိုတာ မမှန်ကန်တဲ့သတင်းလို့ ဆိုတယ်။ ဒါဆိုရင် မေမေ့ ကျန်းမာရေးအခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ် ခွင့်ကို ကျွန်တော် တောင်းဆိုပါတယ်။ ဒီလိုဆက်သွယ်ခွင့်မရှိရင် သူတို့ပြောဆိုချက်ကို လက်ခံယုံ ကြည်လို့ မရပါဘူး။ မေမေ့ကို အထီးကျန်ထားပြီး မိသားစုဝင်တွေ၊ တရားဥပဒေရေးရာဘက် ကသူတွေ၊ ပြင်ပက ဆရာဝန်တွေနဲ့ တွေ့ခွင့်ကို တင်းကျပ်ထားပြီး၊ ငြင်းဆိုနေတာဟာ လုံးဝမလက်ခံ နိုင်ပါ။” လို့ ကိုထိန်လင်း က ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ပေးထားသူ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်…

Read More

ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ဗန်းမော်တွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်၏ စကခ ၂၁ ဌာနချုပ်မှ စစ်တပ်စစ်ကြောင်းက အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းနှင့် KIA ပူးပေါင်းတပ်များအကြား စက်တင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း၊ စက်တင်ဘာလ ၉ ရက်နေ့တွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား…

Read More

ပေါက်ကိုယ်တော်နှင့် နှုတ်ခမ်းမွှေး တွေ့ဆုံမှု ထိုင်းရောက် တော်လှန်ပြည်သူများ သတိထားစရာဖြစ်လာ

ပေါက်ကိုယ်တော်လို့ လူသိကြတဲ့ စစ်တပ်လက်အောက်ခံ သင်္ကန်းဝတ် ပျူခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကို သွား‌ရောက်ပြီး ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေးလို့ ခေါ်ကြတဲ့ ဆုန်ချိုင်နီ(ယမ်)ဟုမ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ တစ်တော့မှာ အသိပေးဖော်ပြထားပါတယ်။ ပြည်သူ့ထောက်ပံ့ကူညီရေးအဖွဲ့ (PST Network) ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ထိုင်းရောက်မြန်မာ ကိုစည်သူကို ရှာဖို့အတွက် နှုတ်ခမ်းမွှေးနဲ့ သွားတွေ့တာဖြစ်တယ်လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကိုစည်သူနဲ့ စစ်တပ်လက်ပါးစေ ပေါက်ကိုယ်တော်တို့ လူမှုကွန်ရက်မှာ ပြဿနာဖြစ်ပြီးတဲ့အနောက် အခုလို လိုက်လံရှာဖွေနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ “မြန်မာပြည်ရောက်လို့ရှိရင် ထိရောက်စွာ ပြောပေးမယ်။ ထိုင်းမှာ မျိုးချစ်ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို နှိမ်နင်းတာမဟုတ်ဘူး။ မကောင်းတဲ့ မြန်မာနိုင်ငံသားတွေ.. ဥပမာဆိုကြပါစို့.. ကိုယ့်မြန်မာနိုင်ငံအချင်းချင်း ခေါင်းပုံဖြတ် လူပါးဝ အလှူမခံလို့ရှိရင် ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်တဲ့လူတွေကို ထိုင်းကနေ နှိမ်နင်းပြီးမှ…

Read More