မလေးရှားမှာ မြန်မာနိုင်ငံသားဖွင့်ထားတဲ့ KTV ဆိုင်စီးနင်းခံရပြီး အမျိုးသမီး ၂၁ ဦးဖမ်းခံရ
မလေးရှားနိုင်ငံ၊ နီဂရီဆီဘီလန်းပြည်နယ်၊ နီလိုင်းမြို့မှာ မြန်မာနိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ KTV ဆိုင်ကို အာဏာပိုင်တွေ ဝင်ရောက်စီး နင်းခဲ့တာကြောင့် မြန်မာအမျိုးသမီး ၂၁ ဦး ဖမ်း ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ နီလိုင်းမြို့ မြန်မာ KTV ဆိုင်ကို မနေ့ စက်တင် ဘာ ၆ ရက်နေ့ည ၁၂ နာရီဝန်းကျင်မှာ မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဆိုင်မှာအလုပ်လုပ်နေတဲ့ အထောက်အ ထားမဲ့ မြန်မာအမျိုးသမီးတွေ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ “မနေ့က ညဘက် ဆိုင်ဖွင့်တဲ့အချိန်မှာ ရဲတွေ၊ လဝကတွေက ဝင်စီးတာပါ။ ဆိုင်က မြန်မာအ မျိုးသမီးတွေချည်းဆိုတော့ အမျိုးသမီးတွေပဲ ဖမ်းဆီးခံရတယ်။ ဆိုင်က ဖွင့်တာ မကြာသေးဘူး”လို့ နီးလိုင်းမြို့မှာနေထိုင်တဲ့ ချင်းအမျိုး သားက ပြောပါတယ်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား…
