နန်မွန်းတားရွာတိုက်ပွဲ စစ်တပ်စစ်ကြောင်းမှူးနှင့် ကသည်းတပ်အရာရှိအပါအဝင် ၉ဦးသေဆုံး

တမူးမြို့နယ်၊ နန်မွန်းတားရွာအနီးတိုက်ပွဲ၌စစ်ကောင်စီစစ်ကြောင်းမှူးဗိုလ်ကြီး နှင့်ကသည်းတပ်မှ အရာရှိတစ်ဦးအပါအဝင် ၉ ဦး​သေဆုံးပြီး ဒဏ်ရာရသူများကြောင်း သတင်းရရှိသည်။

လေကြောင်းပစ်ကူဖြင့် ပြန်ဆုတ်ခွာသွားရသည်အထိ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားသည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“နန်မွန်းတားကို ပြန်သိမ်းမယ်ဆိုပြီး ကြွေးကြော်လာတဲ့စစ်ကြောင်းမှူး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမှာ သေတာ။ကသည်းတပ်ကအရာရှိလည်းသေတယ်။ ဒဏ်ရာရတွေကိုပါ လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်သွားတာ” ဟု ၎င်းကပြောသည်။