ဘန်ကောက်နှင့် ချွန်ဘူရီတို့တွင် အလုပ်သွားလုပ်ရန် တရားမဝင်လမ်းမှ ဝင်ရောက်လာပြီး ကားလာမကြိုသေးသဖြင့် လောင်ခွမ်းခရိုင်ရှိ ကြံခင်းထဲပုန်းအောင်းနေခဲ့သော အမျိုးသား၊ အမျိုးသမီး နှင့် ကလေးငယ်များ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

သူတို့သည် မြန်မာပြည် ရန်ကုန်ဘက်မှဖြစ်ပြီး ကယ်ရီခ တစ်ဦးလျှင် ၁၀၀၀၀ မှ ၃၀၀၀၀ ကြား ပေးခဲ့ရပြီး နယ်စပ်တစ်လျှောက်ဖြတ်ကျော်
ဝင်ရောက်ရာ ယခုဖမ်းမိသော နေရာ ကြံခင်းတွင် လာကြိုမည့် ကားသမားကို မနက် ၄ နာရီထဲက စောင့်စားနေပြီး မနက်ပိုင်း ၁၀ နာရီအထိ့ မည်သူမှလာမခေါ်ဘဲ အာဏာပိုင်များ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အချို့သော အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူး သောကြောင့် ထိုင်းဘာသာဖြင့် ဆက်သွယ်ပြောဆိုနိုင်ပြီး ပဏာမစုံစမ်းစစ်ဆေးမှုအရ အလုပ်သမားများ တွင် ၎င်းတို့အား ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုသည့် စာရွက်စာတမ်းများ မရှိဟု တာဝန်ရှိသူများထံ တင်ပြထားကြောင်း သိရသည်။

အလုပ်သမားအားလုံးကို ပွဲစားများက လှည့်စားခဲ့သည်မှာ သေချာသော်လည်း တာဝန်ရှိသူများက အမှန်တရားကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးရန်
အဆိုပါ အလုပ်သမားများအား လောင်ခွမ်ရဲစခန်းသို့ ပို့ဆောင်ကာ စစ်ဆေးမေးမြန်း
မှုများ ပြုလုပ်ခဲ့ပြီးနောက် အချုပ်ထောင်သို့
ပို့ဆောင်ခဲ့ကြောင်းသိရပါသည်။
