မင်းအောင်လှိုင်တယောက် တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစားလိုက်ပြီလား

အနောက်တိုင်းရင်းနှီးမြှုပ်နှံသူတွေ စွန့်ခွာသွားတဲ့ မြန်မာနိုင်ငံဟာ တရုတ်အပေါ်မှာ အန္တရာယ်ကြီးလောက်အောင် မှီခိုနေရပါပြီ။ သုံးသပ်သူတွေက မြန်မာနိုင်ငံဟာ “တရုတ်တပိုင်းနိုင်ငံ၊ တရုတ်ရုပ်သေးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

စီးပွားရေးနဲ့ နိုင်ငံရေးခလုတ်တွေကို ပြည်မကြီးကနေ လှမ်းထိန်းချုပ်တာခံရတဲ့နိုင်ငံလို့ အမည်ခံရုံ လက်အောက်ခံ ပဏ္ဍာဆက်နယ်ပယ်တခု ဘဝ ရောက်သွားနိုင်ပါတယ်။

မင်းအောင်လှိုင်တယောက် သူ့အာဏာတည်မြဲရေးအတွက် တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစားခဲ့ပြီလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ သက်သေအထောက်အထားအားလုံးကို ကြည့်ရင်တော့ အဖြေက ရှုပ်သလိုလိုနဲ့ ရှင်းပါတယ်။ ဟုတ်ပါတယ်ရောင်းစားလိုက်ပါပြီ။

စစ်ခေါင်းဆောင်ဟာ လုံခြုံရေးအတွက် အချုပ်အခြာအာဏာကို လဲလှယ်ခဲ့ပါတယ်၊ အသိအမှတ်ပြုမှုအတွက် သယံဇာတတွေကို လဲလှယ်ခဲ့တယ်၊ ပြီးတော့ သူ့ ရေတိုရှင်သန်မှုအတွက် နိုင်ငံရဲ့ ရေရှည်လွတ်လပ်မှုကို လဲလှယ်ခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ လက်နက်၊ ငွေသားနဲ့ ထိုင်ခုံတနေရာစာအတွက် တရုတ်လက်ထဲကို မြန်မာ့စီးပွားရေး၊ နယ်စပ်ပဋိပက္ခတွေနဲ့ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို တိုက်ရိုက် တနည်း၊ သွယ်ဝိုက်တဖုံလွှမ်းမိုးချုပ်ကိုင်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။